
အီတလီလူမျိုး ကမ္ဘာကျော်ပန်းချီဆရာကြီး ဂျော်တိုသည် ဥရောပတိုက်တွင်အနုပညာရပ်များပြန်လည်ဆန်းသစ်လာကာစကထွန်းတောက်ခဲ့သည်။
သူဧ။်နာမည်အပြည့်အစုံမှာ ဂျော်တိုဒီဗွန်ဒိုနေးဖြစ်သည်။
ဂျော်တိုသည် အီတလီမြောက်ပိုင်းရှိ ဖလော်ရင့်မြို့အနီးမှရွာလေးတရွာတွင်မွေးဖွားခဲ့သည်အဆိုရှိသည်။သူဧ။်ဖခင်မှာလယ်ပိုင်ရှင်တဦးဖြစ်၏ကိုယ်ပိုင်လယ်ယာများကိုလုပ်ကိုင်ခြင်းဖြင့်အသက်မွေးမြူ ကြောင်းသိရသည်။ဂျော်တိုသည်ကလေးဘဝကလမ်းပေါ်တွင်သိုးရုပ်ကလေးတရုပ်ရေးဆွဲနေသည်ကို ထိုအခါကထင်ရှားသောပန်းချီဆရာကြီး ချီးမားဗူးဧ ကတွေ့သဖြင့်ဂျော်တိုကိုခေါ်ပြီး ပန်းချီအတက်ပညာကိုသင်ကြားပေးသည်ဟုဆိုသည်။ဂျော်တိုသည် ချီမားဗူးဧ နှင့်တွေ့ပြီးနောက်ထိုဆရာကြီးထံမှပင်တပည့်ခံကာပန်းချီပညာကိုလေ့လာလိုက်စားခဲ့ရာမှာမူလကပါရမီခံရင့်သန်သူဖြစ်သည်အတိုင်းမကြာမီတွင် ပန်းချီအတက်တွင်ထက်မြတ်ထူးချွန်လာလေသည်။ဘဝကိုဖော်ကျူးရာတွင်ဂျော်တိုသည် သူမတူအောင်ကောင်းမွန်လှသည်။ဂျော်တိုရှေးဦးစွာရေးဆွဲပုံများမှာ အဆီဇီဘုရားကျောင်းအတွင်းရှိ အဆီဇီစိန်ဖရန်းစစ်၏အထ္တု ပ္ပတ္တိကားများဖြစ်သည်။သူသည်လူပုံများကိုရေးဆွဲရာတွင်သက်ရှိလူများကိုကြည့်ကာရေးဆွဲလေ့ရှိသည်။
ထိုပန်းချီကားများကိုသူ၏ဆရာကြီးကိုယ်တိုင်စတင်ရေးဆွဲ၍အပြီးမသက်ခင်ကွယ်လွန်သွားသောကြေင့် ဂျော်တိုကပင်တာဝန်ယူ၍အပြီးသက်သည့်အထိဆက်လက်ရေးဆွဲခဲ့သည်။
![]() |
![]() |
ထို့နောက် ပတ်ဒူအာမြို့သို့သွားရောက်ပြီးလျှင်ရှေးခေတ်ရောမပြည်၏အရီနာမြို့တည်နေရာအရပ်ရှိစိန်မေရီဘုရားရှိခိုးကျောင်း၏အတွင်းဘတ်လေးမျက်နှာလုံးကိုပန်းချီကားများရေးဆွဲပေးခဲ့သည်။ရောမမြို့တွင် စိန်ပီတာဘုရားကျောင်းကြီးကိုတည်ဆောက်ပြီးသောအခါအတွင်းဘက်ရှိတန်ဆာဆင်ရန်အတွက်နိုင်ငံအတွင်းရှိ သုခုမ ပညာသည်များကို ပုပ်ရဟန်းမင်းကြီး၏အမိန့်ဖြင့်လိုက်လံရှာဖွေ၍လက်ရာများကိုတောင်းယူသည်။ထိုသူများအနက် ဂျော်တိုအားသိတ်တိုင်းကျသဖြင့်အလျှင်အမြန်ခေါ်ယူကာရေးခြယ်စေသည်။
ဂျော်တိုသည်အလုပ်နှင့်လက်မပြတ်ဘဲအချိန်ရှိသမျှပန်းချီကားများကိုဆေးရောင်ခြယ်နေသောပညာသည်ကြီးဖြစ်သည်။ကမ္ဘာစာပေသမိုင်းတွင်ထင်ရှားလှသောစာဆိုတော်ကြီး ဒန်ဆီမှာသူနှင့်ခင်မင်သောမိတ်ဆွေဖြစ်သည့်အပြင်အကြံဥာဏ်ပေး လည်းဖြစ်သည်။ ဂျော်တို၏လက်ရာကောင်းများသည် ပန်းချီကားများအဖြစ်သာအများအပြားကျန်ခဲ့သောကြောင့်သူအားပန်းချီအတတ်တွင်သာကျွမ်းကျင်သူဟုထင်မြင်ဖွယ်ဖြစ်သော်လည်း ဗိသုကာ အတက်နှင့်ရုပ်လုံးဖော်အတက်တွင်လည်းကျွမ်းကျင်လှသူဖြစ်သည်။ဖလော်ရင့်မြို့ရှိဂျူ အိုမိုဘုရားရှိခိုးကျောင်းခေါင်းလောင်းစင်ကြီးနှင့် ဂျော်တိုမျှော်စင်အဆောက်အအုံကြီးများ၏ပုံစံများမှာဂျော်တိုရေးဆွဲခဲ့သောပုံစံများဖြစ်သည်သာမက သူကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ခဲ့သောအဆောက်အအုံများဖြစ်သည်။
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
Add caption |
သို့ရာတွင်ထိုအဆောက်အအုံများ မပြီးဆုံးခင် ၁၃၃၇-ခုနှစ်တွင် ပန်းချီဆရာကြီး ဂျော်တိုကွယ်လွန်လေသည်။သူ၏တပည့်များကလတ်စသတ်ကြရသည်သူ၏ရုပ်အလောင်းကိုခန်းနားကြီးကျယ်စွာဂုဏ်ပြုလျက် သူတည်ဆောက်ထားခဲ့သော ဖလော်ရင့်မြို့ရှိထင်ရှားသော ဂျူ အိုမိုဘုရားရှိခိုးကျောင်းအတွင်းတွင်အမှတ်တရမြုတ်နှံထားကြသည်။
အနုပညာဟာတခုနှင့်တခုဆက်စပ်လျှက်ရှိတာကိုသိရှိရပါတယ်
မပြီးဆုံးတဲ့ဘဝထဲမှာမပြီးဆုံးတဲ့အနုပညာတွေရှာဖွေရင်း ........
ကျေးဇူးတင်ပါတယ်
No comments:
Post a Comment