
ဂိုယာ (ခရစ်၁၇၄၆-၁၈၂၈) ဂိုယာသည် စပိန်အမျိုးသားနာမည်ကျော်ပန်းချီဆရာတဦးဖြစ်သည်။သူဧ။်နာမည်အပြေည်အစုံမှာ သေဂိုယာအီးလူသယိန်းတေး ဖြစ်သည်။အသက်၁၆နှစ်အရွယ်တွင် ဟိုစေးလူဇန်မာတင်နတ် ထံတွင်တပည့်ခံ၍ပန်းချီပညာကိုသင်ကြားခဲ့သည်။ဂိုယာသည်ရက်ကွက်ထဲတွင်ကြီးပြင်းလာရသောဆိုးပေတေသည့်လူငယ်တစ်ဦးဖြစ်ကာ အခြားလူများနှင့်ရန်ဖြစ်ကာ မဒရစ်မြို့တော်သို့ထွက်ပြေးရသည်။ငယ်စဉ်ထဲက သတ္တိ-ဗျတ္တိရှိ၍ခရီးသွားလာလှည့်လည်ခြင်းကိုနှစ်သက်သည်။

ပန်းချီဆွဲခြင်း၊ပန်းရေးခြင်းတွင်နဂိုဗီဇပါလာသဖြင့်ငယ်စဉ် တည်းကပန်းချီဘက်တွင်ညာဏ်ထက်မြတ်ပြီးပန်းချီအပြင် အတီး အမှုတ်တူရီယာဂီတဖက်တွင်လည်းထူးချွန်သေးသည်။ဂိုယာသည်တီးတက်၊မှုတ်တက်သဖြင့်အပေါင်းအသင်းဆက်ခံမှုနယ်ပယ်သို့ဝင်ရန်ကားမိတ်ဆွေသူငယ်ချင်းအလွန်ပေါသည်။ဆင်းရဲချမ်းသာမရွေးအလွန်ခင်ကြသည်။ဆင်းရဲသူများကိုသူသည်များစွာ
သနားတတ်ကာဂိုယာသည်ဆင်းရဲသူဆင်းရဲသားများတို့ဧ။်နေမှု၊ထိုင်မှု အသက်မွေးမှု တို့ကိုဂရုတစိုက်ကြည့်ကာ ပန်းချီအရုပ်ကားတို့ဖြင့်ဆင်းရဲသားလောကကိုသရုပ်ဖော်ခဲ့သည်။
ဂိုယာသည်အနုပညာနှင့်အကျိုးပေးမည့်သူဖြစ်ရာသူရေးတွဲလိုက်သောပန်းချီကား
များမှာသူမတူအောင်ကောင်းမွန်၍အသက်ပါလှသည်။မာတင်နတ်ထံတွင်ပန်းချီပညာ
များဆည်းပူးပြီးနောက်မဒရစ်မြို့တော်ရှိဗေယူထံတွင်ဆက်လက်ပညာသင်ကြားရင်း
ဗေယူဧ။်သမီးနှင့်လက်ထပ်လိုက်သည်။ဂိုယာကသူဧ။်ဇနီးကို(pepa) ပီပါး ဟုနာမည်
ပြောင်တခုပေးခဲ့သည်။သူမသည် ခလေး ၇ ယောက်မွေးဖွားပေးခဲ့သည်။
ဂိုယာသည်ပန်းချီဘက်တွင်ဗဟုသုတပိုမိုရရှိနိုင်ရန် အီတလီနိုင်ငံသို့ခရီးလည့်လည်သွားပြီးလျှင်ရောမမြို့တွင်အတော်ကြာကြာနေ၍ရောမပန်းချီအမျိုးမျိုးကိုလေ့လာရင်းထိုမြို့သူမြို့သားတို့ဧ။်နေမှု ၊ထိုင်မှု ၊အသက်မွေးမှု စသည်တို့ကိုလည်းဆည်းပူးခဲ့သည်။ ၁၇၇၂ခုနှစ်တွင်ပါးမားအနုပညာတံခွန်ကျောင်းမှကျင်းပသောပန်းချီပြိုင်ပွဲတွင်ဂိုယာ ဒုတိယဆုကိုဆွတ်ခူးခဲ့လေသည်။အီတလီမှပညာများဆည်းပူးပြီးနောက် စပိန်နိုင်ငံသို့ပြန်လာကာပန်းချီဆရာအဖြစ်အသက်မွေးလေသည်။
၁၇၇၅ခုနှစ်တွင်မဒရစ်မြို့စပိန်အမျိုးသားပန်းချီပြတိုက်ထဲရှိအမြိတ်ပန်းများအတွက် ကာတွန်းရုပ်ပြောင်ပုံများရေးဆွဲပေးရသည်။၁၇၈၀ပြည့်နှစ်တွင် ကာတွန်းရုပ် ၂၀ ခန့်ရေးဆွဲပြီးရာ ထိုကာတွန်းရုပ်များသည်ကာတွန်းပညာကိုတမျိုးတဖုံပြောင်းလဲတိုးတက်စေခဲ့သည်။ ၁၇၈၅ခုနှစ်တွင်အနုပညာတံခွန်ကျောင်းတွင်ညွန်ကြားရေးဝန်ဖြစ်လာ ပြီးနောက်တစ်နှစ်တွင်နန်းတွင်းပန်းချီတော်အဖြစ်ခန့်ထားခြင်းခံရသည်။သူသည်ဝယ်လင်တန်နယ်စားနှင့်အခြားနာမည်ကျော်လူကြီးမင်းများဧ။်ပုံများကိုရေးဆွဲရသည်။
ဂိုယာသည် ဆားဆေးနှင့်ပုံရေးရာတွင်လည်းကျွမ်းကျင်သူဖြစ်သည်ဆားဆေးနှင့်ရေးဆွဲသောသူဧ။်ပုံသုံးပုံမှာကျော်ဇောလှသည်။ပထမပုံမှာ သူခေတ်ကလူများဧ။်မသာမာမှု များကိုဖော်ပြထားသည်။ဒုတိယပုံမှာနွားတိုက်
ပွဲပုံများဖြစ်သည်။တတိယပုံမှာကားစပိန်နိုင်ငံထဲသို့ဝင်ရောက်တိုက်ခိုက်သောပြင်သစ်
စစ်သားများဧ။်ကြမ်းကြုတ်ရက်စက်မှု ကိုဖော်ပြထားသည်။ဂိုယာသည်အနုပညာဖြင့်တော်လှန်ရေးဝါဒကိုလက်ကိုင်ထားသူဖြစ်ဧ။်စပိန်ပြည်တွင်းရေးမငြိမ်မသက်ဖြစ်လာသောအခါ ဂိုယာဧ။်လုပ်ငန်းများစွာထိခိုက်လာသည်။စပိန်ဧ။်ရန်သူဖြစ်သောပြင်သစ်တို့ကိုဂိုယာသည်အားပေးအားမြောက်လုပ်သဖြင့်စပိန်တို့ကသူအပေါ်အငြိုးထားရန်ရှာလေသည်။နောက်ဆုံးတွင်သူသည်စပိန်နိုင်ငံမှထွက်ခွါသွားရသည်။သို့ရာတွင်သူဧ။်ပန်းချီကားများမှာက အတိဒုက္ခရောက်သောစပိန်တို့ကိုသနားကြင်နာကြောင်းသက်သေခံလျှက်ရှိသည်။စပိန်အမျိုးသားပြတိုက်တွင်အမြိတ်ပန်းများအတွက် ခဝါသည်မိန်းမပုံ၊
သိုးစီးနေသောကလေးပုံစသည်များကိုရေးဆွဲထားဧ။်။ထိုခေတ်ကစပိန်နိုင်ငံဧ။်တောင်ယာတောမှဆင်းရဲသားများနှင့်လမ်းမပေါ်မှလူထုဧ။်ဘဝကို ဂိုယာကပန်းချီဖြင့်ရုပ်လုံးဖော်ထားသည်။
၁၈၂၂-ခုနှစ်တွင်ဂိုယာသည် စပိန်နိုင်ငံမှပြင်သစ်နိုင်ငံပါရီမြို့တော်သို့ထွက်ခွာခဲ့ကာ၅ နှစ်လောက်နေပြီးသော မဒရစ်မြို့သို့ခတ္တပြန်လာကာနေထိုင်ပြီးနောက်တဖန်ပြင်သစ်သို့သွားရောက်ကာ ဗော်ဒိုးမြို့တွင်နေထိုင်ခဲ့သည်။
၁၈၂၈-ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။
ဂိုယာသည်သူဧ။်အနုပညာမျက်စိဖြင့်မြင်သမျှမည်သူမျက်နှာမှမထောက်ပဲရေးဆွဲတတ်သည်။သူရေးဆွဲသောဘုရင်၊မိဖုရားနှင့်မူးမတ်များဧ။်ရုပ်ပုံများသည်တောက်ပြောင်သောဆေးရောင်များဖြင့်ထင်းထင်းလင်းလင်းရေးဆွဲထားသဖြင့်သူတို့ဧ။်စိတ်ဓါတ်
စရိုက်နှင့်အရည်အသွေးကိုကောင်းစွာသိရှိနားလည်ကြောင်းထင်ရှားသည်။ဂိုယာဧ။်ထူးခြားချက်မှာ ပုံတတူတစ်ခုကို (၂)နာရီနှင့်အပြီးရေးဆွဲနိုင်သူဖြစ်သည်။
ဒီပန်းချီနျှစ်ကားမှာထူးဆန်းနေသလို
ဂိုယာရေးခဲ့သောစိတ်ကူးဆန်းလေးများလဲရှိခဲ့သည် ထိုအရာများမှာသေသေချာချာကြည့်မှမြင်နိုင်သည် ။ဒီပုံကိုတွေ့မှတခုသတိရမိတယ် ကျွန်တော်အရင်က
ကိုရီးယားကာတွန်းရေးခဲ့ဖူးတယ် ကျွန်တော်ကနောက်ခံမှင်ရေးရတဲ့သူပါ ဘေးကသူငယ်ချင်းကအကူညီတောင်းလို့ရေး
ပေးလိုက်ဖူးတယ်သူရေးခိုင်းတာကနန်းတော်အဝင်ကနဂါးကြီးကကြမ်းပြင်ဖောင်း
ကြွရေးပေးရတာပါ ရေးပေးပြီးတော်တော်ကြာတော့မှ သူကိုခေါ်ပြတာ ရယ်လိုက်ရတာ ကျွန်တော်ရေးတဲ့နဂါးမှာ ဟမ်းဖုန်းနဲ့ကျောပိုးအိပ်၊၉၂၅-ဆွဲကြိုး ၂ကုံး ၊ခါးမှာ၆လုံးပြူးတစ်လက်၊လက်တဘက်မှာကဆေးလိပ်တခု၊ဘေးကကနုတ်တွေထဲမှကနဂါးကိုပြောင်ပြနေတဲ့လူတွေ ဒါတွေကသေချာကြည့်မှမြင်ရတာပါ ။ဂိုယာလဲ
သူပန်းချီကားထဲမှာ သေချာကြည့်မှမြင်ရတဲ့လူသေးသေးလေးတွေရေးဆွဲထားခဲ့တာ
တွေ့မြင်ခဲ့ရပါတယ်။
ကျေးဇူးတင်ပါတယ်
No comments:
Post a Comment