Saturday, 23 July 2016
သွေးလှူ ဒါန်းခြင်းအကြောင်း
သွေးလှူ တာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ
အတွေးအမှားတွေ အများကြီးကြုံ ဖူးကြားဖူးခဲ့ပါတယ်။
အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့်
သွေးလှူ နိုင်ရဲ့သားနဲ့ သွေးမလှူ ဖြစ်တဲ့လူတွေ အများကြီးပါပဲ။
မွန်မြတ်ဖြူ စင်လှတဲ့ လှူ ဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့်
ဘယ်လိုအချက်တွေက တားဆီးထားသလဲ။
၁။ သွေးလှူ ပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူ တာကြောင့် ခန္ဓာကိုယ်အလေးချိန်
တိုးလာပြီးဝ လာတာမျိုးမရှိပါဘူး။ အသားအရည် စိုပြေပြီး
အလှတိုးတာပဲ ရှိပါတယ်။
သွေးလှူ ထားတာကြောင့်အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန်
စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း
မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။
အဲဒီလိုဆိုအရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။
၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊
သွေးအိတ်တွေ၊ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။
သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို
သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း
တစ်ခါသုံး လက်အိတ်တွေကိုအသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ
ရှိလှတဲ့အတွက် သွေးလှူ ရှင်တွေအနေနဲ့ ရောဂါပိုး
ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
၃။ သွေးလှူ ပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူ ခင်မှာတင် ဆရာဝန်က သွေးလှူ ရှင်ရဲ့
ကျန်းမာရေးကိုအရင်စစ်ဆေးပေးပါတယ်။ သွေးလှူ ဒါန်းဖို့
သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။
ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူ တာပါ။
ဒါပေမယ့် သွေးလှူ ပြီးရင်တော့ကုတင်ပေါ်မှာ မိနစ်
အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။
၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။
နားဖောက်တာလောက်သွားနှုတ်တာလောက် မနာပါဘူး။
ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။
တစ်ခုလောက် သတိရစေချင်တာက သွေးလှူ ဖို့
အပ်ထိုးတဲ့အချိန် နာတဲ့
နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့
သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင်
ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။
၅။ သွေးလှူ ရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူ တာ အစအဆုံးက အလွန်ဆုံး
တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ
တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ
ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊
ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး
ယူသွားပါတယ်။ သွေးလှူ တဲ့အချိန်က
၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။
၆။ သွေးလှူ တဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူ ရှင်ရဲ့
ကိုယ်အလေးချိန်အပေါ်
မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ
ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့
သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း
ပြန်လည် ဖြည့်ဆည်းပေးပါတယ်။
၇။ ကျွန်တော် သွေးလှူ ဖို့ မလိုဘူး။ သွေးလှူ ရှင်တွေက
အများကြီးပဲလေ။တကယ်တော့ လူနာတွေအတွက် သွေးလှူ ရှင်
လိုနေပါတယ်။ သွေးလှူ လို့ရနိုင်တဲ့ လူဦးရေ
စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူ နေကြတာပါ။
မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ
မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက်
သွေးလှူ ရှင်တွေ အများကြီး လိုနေပါတယ်။
၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။
တစ်ခါ လှူ ပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ
၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။
သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ
သိုလှောင်နိုင်ပါတယ်။သွေးဥမွှားကတော့ ၅ ရက်ပဲ
အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့
သွေးလိုအပ်ချက်ကများလွန်းတဲ့အတွက် လှူ ထားတဲ့သွေးတွေ
သွေးဘဏ်မှာ အဲဒီလောက်တောင်
ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို
သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့်
သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။
၉။ ဘာသာတရားကြောင့် သွေးလှူ လို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို
ဗုဒ္ဒဘာသာ-ဗုဒ္ဒဘာသာမှာ ပါရမီ(၁၀)ပါးရှိပါတယ်
.သွေးလှူ ဒါန်းခြင်းဆိုတာ ပါရမီ (၁၀)ပါးတစ်ပါးအပါအ၀င်ဖြစ်တဲ့
လှူ ဒါန်းခြင်းဒါနပါရမီဖြစ်သလို.သွေးဖောက်စဉ်ခဏနာကျင်မှုကို
သည်းခံရတဲ့အတွက် ခန္ဒီပါရမီလည်းဖြစ်ပါတယ်..ဒါကြောင့်
သွေးလှူ ဒါန်းခြင်းဖြင့် ကိုယ့်ရဲ့ ပါရမီကို ရင့်သန်သထက်
ရင့်သန်စေရန်ဖြည့်နိုင်ကြပါစေ..
ခရစ်ယာန်ဘာသာ-ခရစ်တော်ကဟောကြားခဲ့ပါတယ်.
’ကိုယ်နဲ့ ပတ်သက်သူတိုင်းကို ကိုယ်နှင့်အတူချစ်အံ့’
..လူလောကမှာနေထိုင်တဲ့လူတစ်ယောက်အနေနဲ့
တခြားလူတယောက်ရဲ့ အသက်ကို ကယ်တင်ခြင်းဟာ
ခရစ်တော်ရဲ့ အဆုံးအမအတိုင်းချစ်ရာရောက်ပါတယ်.
မွတ်ဆလင်နှင့် ဟိန္ဒူ ဘာသာ- မွတ်ဆလင်နှင့် ဟိန္ဒူ ဘာသာ
မှာလည်း ကုသိုလ်ဒါနပြု မှုကိုအားပေးချီးမြှောက်ထားပါတယ်။
အမှန်တော့ သွေးလှူ တယ်ဆိုတာ ထပ်ခါတလဲလဲ
ပြုလုပ်လို့ရတဲ့မွန်မြတ်ဖြု စင်တဲ့ လှူ ဒါန်းမှုတစ်ခုဖြစ်
သလိုတပါးသူတဦးရဲ့ အသက်ကို
ကယ်တင်ခြင်းဇီဝတဒါန လှူ ဒါန်းမှုတစ်ခုပါ။
အခုပြောသွားတဲ့ အချက်တွေကြောင့်
သွေးမလှူ ဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး
လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက်
အစအဆုံး ပြန်ဖတ်ပေးပါလို့
တောင်းဆိုချင်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ သာမန်လူတစ်ယောက်ဟာ
(၄)လတစ်ကြိမ်နှင့် တစ်နှစ်ကို (၃)ကြိမ်သွေးလှူ ဒါန်းလို့ရပါတယ်.
သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။
သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့
ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။သွေးဟာ အောက်ဆီဂျင်နဲ့
အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။
သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
အညစ်အကြေးဓါတ်များကိုစွန့်ထုတ်ဖျက်ဆီးစေဖို့အတွက်
အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို
သယ်ဆောင်ပေးသွားပြန်တယ်။
သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး
ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့
ကူညီပေးသေးတယ်။
အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက
သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။
သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို
့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း
ရှိပြန်သေးတယ်။သွေးထဲမှာ သွေးနီဥ၊ သွေးဖြူ ဥ၊ သွေးဥမွှားနဲ့
သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုးပေါင်းစပ်ပါဝင်နေတယ်။
သွေးဖြူ ဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။
ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့
တာဝန်ယူပေးထားပါတယ်။ သွေးဖြူ ဥတွေရဲ့
သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ်
ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။
သွေးစက်လေးတစ်စက်မှာသွေးဖြူ ဥဆဲလ်ပေါင်း
ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။
ကိုယ်ထဲကိုဝင်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင်
သွေးဖြူ ဥဆဲလ် အရေအတွက် ဒီထက်မက
များပြားလာတတ်ပါတယ်။
သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။
အောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေကို အဓိက
သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို
အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။
သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။
သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇
ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။
သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ
သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။
သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့
အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ
စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။
သွေးရည်ကြည်ထဲမှာ ရေဓါတ်၊
ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။
သွေးရည်ကြည်ရဲ့ ၉၅ရာခိုင်နှုန်းက ရေတွေပါ။
ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊
ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။
သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ
ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။
သွေးနီဥကို သာမာန်အခြေအနေမှာ
၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။
အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့
အထက် သိမ်းထားလို့ရပါတယ်။
သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။
သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့
သွေးသွင်းကုသမှုမှာအသုံးပြုပါတယ်။
သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ
ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း
သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့
ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့
ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။
အေးခဲထားတဲ့ သွေးရည်ကြည်ဟာ
၁ နှစ်တိတိ ထားလို့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ Whole blood donation လို့ခေါ်တဲ့
အများသိကြတဲ့ သွေးလှူဒါန်းမှုကိုသာ
ပြုလုပ်နိုင်ပါတယ်. ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့
Whole blood donation,Plasma donation,Platelet
donation ဆိုပြီး ခွဲခြားလှူဒါန်းနိုင်ပါတယ်
strrynight-art.blogspot.com
blog page တခုမှကူးယူပါသည်
Thursday, 21 July 2016
ကယ်တင်ခြင်း
ကယ်တင်ခြင်း
ဒီကားလေးကတော့ ရေဆေးကားလေးပါ ဒီကားကိုရေးရတဲ့အကြောင်းက ပုံထဲမှာ
သစ်ပင်တွေမြေကြီးနဲ့ထိတော့လောက်အောင် လေပြင်းတွေတိုက်နေတယ် ကောင်းကင်မှာအလင်းရောင်မရှိတော့လောက်အောင်မှောင်မဲနေတယ် အမှောင်မဲဆုံးအချိန်မှာ
မိုးကြိုးပစ်လိုက်တဲ့ အချိန်ကိုရေးထားတာဖြစ်ပါတယ် ရေပြင်အောက်ရောက်သွားတဲ့
strrynight-art.blogspot.com
ဒီကားလေးကတော့ ရေဆေးကားလေးပါ ဒီကားကိုရေးရတဲ့အကြောင်းက ပုံထဲမှာ
သစ်ပင်တွေမြေကြီးနဲ့ထိတော့လောက်အောင် လေပြင်းတွေတိုက်နေတယ် ကောင်းကင်မှာအလင်းရောင်မရှိတော့လောက်အောင်မှောင်မဲနေတယ် အမှောင်မဲဆုံးအချိန်မှာ
မိုးကြိုးပစ်လိုက်တဲ့ အချိန်ကိုရေးထားတာဖြစ်ပါတယ် ရေပြင်အောက်ရောက်သွားတဲ့
ရွာလေး အခက်ခဲတွေကြားကကယ်တင်နေတဲ့ မြင်းလှည်းတစီး
နံရံတွေပေါ်ကပန်းချီ
![]() |
![]() |
![]() |
![]() |
နံရံတွေပေါ်ရေးတာ က(ပထမ)ဆုံးပုံမဟုတ်ပါ အရင့်အရင်ကပုံတွေကို မှတ်တမ်းမတင်နှိုင်ခဲ့ပါဘူး
ဒီပုံကို ကိုတိုင်ခဲကောက်ပြီကိုတိုင်ကာလာတင်ရေးဆွဲတာဖြစ်ပါတယ် သင်္ဘော
ဆေးကို (တာပင်တိုင်)နဲ့ရောပြီရေးထားခြင်းပါ
ရေးဆွဲချိန်က (၁)လနီးပါး
ကြာခဲ့ပါတယ် ပန်းချီရေး နည်းတွေအများကြီးထဲမှာမှ ကျွန်တော်အများဆုံးရေးရသောပန်းချီအမျိုးအစားဖြစ်ပါတယ် အရင်က ဘုရားစေတီတွေရှိရုပ်ထုများကိုဆေးရောင်ခြယ်ခြင်း၊နဂါးရုံဘုရား အမြင့်၁၀ပေ၊အကျယ်၇ပေ လိုဘုရားများကိုဆေးရောင် ခြယ်ခြင်း၊သိုက်နန်းရှင်ရုပ်ထုများကိုဆေးရောင်ခြယ်ပေးခြင်း ၊နတ်ရုပ်ထုများဧ။်နောက်
ခံပန်းချီများရေးခြယ်ပေးခြင်း၊ထိုသို့ရေးဆွဲရာတွင်အခကြေးငွေဖြင့်၎င်းအခမဲ့လှူ တန်း
ရေးဆွဲခြင်း၊လက်ခံရသောငွေကြေးကိုပြန်လည်လှူ တန်းခြင်းဖြင့်တော်တော်များများ
ရေးဆွဲခဲ့ဖူးသည်။မှတ်တန်းဓါတ်ပုံများမရှိခဲ့ပါ ကျွန်တော် ဘဝမှာမှတ်မှတ်ရရတခုပြော
ပြရရင် တောင်ကိုးလုံးမှာ ညောင်ရေသွန်းတော့ ယောဂီများလဲပါတယ် ညောင်ပင်တ ပင်မှာဘုရားတစ်ဆူ၊စုစုပေါင်းဘုရားတစ်ထောင်တည်နေတဲ့နေရာပေါ့ အဲဒီမှာဘုန်း ကြီးကျောင်းတကျောင်း၊စေတီ မြင့်မြင့်တစ်ဆူ၊စေတီရင်ပြင်တော်အနိပ့်ပိုင်းမှာအရောင်မချယ်ရသေးတဲ့မယ်တော်တပါးရုပ်ထုတခု ရုပ်ထုကလူတရပ်လောက်မြင့်တယ်
နောက်တော့ကျွန်တော်ဆေးခြယ်ရတယ် အမိုးကမရှိတော့ပူလိုက်တာ ဒီကြားထဲမိုးက
ရွာလိုက်တော့ရက်ကပိုကြာသွားတာလေ ယောဂီတွေလဲအကုန်ပြန်ကုန်ကြတာ မသိ
လိုက်ဘူးဗျ ကျွန်တော်မှာလဲပိုက်ဆံကမရှိတော့ဘူး ဆေးခြယ်လိုကလဲမပြီးသေး စားစရာကတော့မပူဘူး ဖုန်းဖုန်းရှိတယ်လေ ၃ရက်မြောက်ညရေးရင်း ဘုရားရင်ပြင်တော်ပေါ်မှာအိပ်ပျော်သွားတယ် ဆေးရောင်ခြယ်တာအားလုံးပြီးပြီ မျက်နှာတော်တခုပဲ
ကျန်တော့တာ မနက်၅နာရီလောက်မှာကျွန်တော်ကိုတစ်ယောက်ယောက်ကနိုးပြီးရေး
ခိုင်းတယ် ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်တခုလုံးတိတ်စိတ်နေတယ် ငါစိတ်ကထင်တာပဲဆိုပြီးရေးလိုက်တယ် ၆နာရီလောက်ကြအားလုံးပြီးစီးသွားလို့ ရေမိုးချိုးအဝတ်လဲပြီးထွက်အလာ ကျွန်တော်ဆေးခြယ်သောမယ်တော်ရုပ်ထုကိုထိုင်ရှစ်ခိုးနေသော
လင်မယားနှစ်ယောက် နောက်ဆရာတော်ကမိတ်ဆက်ပေးမှသိရတယ် မယ်တော်ရုပ်ထုရဲ့အလှူ ရှင်တွေလေ ထူးဆန်းတာကကျွန်တော်ဆေးခြယ်နေတာသူတို့ဘာမှမသိဘူး သူတို့ကဆေးခြယ်ဖို့အတွက်ဆရာတော်စီလာရှောက်တင်တာ ဒီရောက်တော့ဝမ်း
သာလွန်းလို့တဲ့ မျက်နှာဆေးခြယ်တာလူအစစ်အတိုင်းပဲတဲ့ အဲဒီတော့မှသတိထားမိတယ် ကျွန်တော်ကိုယ်ကျွန်တော်လဲ အံသြေမိတယ် အလှူ ရှင်တွေကကားနဲ့လိုက်ပို့ပေး
တယ် ဘယ်လိုမှသဘောမထားပါနဲ့ဆိုပြီး ပိုက်ဆံလဲအတင်းပေးခဲ့တယ် ကျွန်တော်
ဆေးခြယ်တုန်က ဒါတွေရအောင်လို့ဆိုပြီးဆေးခြယ်ခဲ့တာမဟုတ်ခဲ့သလို ကျွန်တော်ကိုလဲကျောင်းကဘယ်ဆရာတော်မှမနိုးခဲ့ပါဘူးတဲ့ ကျွန်တော်သိတာကမိန်းမတယောက်ရဲ့အသံပါ။
ကျေးဇူးတင်ပါတယ်
ညနေခင်း
ညနေခင်း
ဒီကားလေးက ညနေခင်းရေခပ်ဆင်းတဲ့ တောသူမလေးတယောက်ပုံလေ
ဒီကားမှာထူးခြားတာရှိပါတယ် နေနဲ့လူရဲ့အသားတွေကို 2Dနဲ့ရေးပြီး ကျန်တာတွေကိုတော့ ပန်းချီသဘောအတိုင်းရေးဆွဲခဲ့တယ် အမှတ်တရအနေနဲ့ရေးခဲ့တာပါ
လက်လှမ်းတဲ့အစ
ခဲကောက်နေသောပုံ
ခဲကောက်ပြီးသွားပုံ
မူရင်းဓါတ်ပုံ
ကာလာတင်ပြီးသောအချိန်
မူရင်းပုံနှင့်ရေးဆွဲပြီးပုံ
ပုံတူဘယ်လိုဆွဲလဲကျွန်တော်မသင်ခဲ့ဘူးပါ ဘဝမှာ(ပထမ)ဆုံးပုံတူဆွဲခြင်းဖြစ်ပါတယ်
နည်းစနှစ်ကိုကျွန်တော်မသိတော့တော်တော်ခက်ခက်ခဲခဲရှာဖွေခဲ့ရတယ် မှားလိုက် ပြန်ပြင်လိုက်နဲ့ တညလုံးကုန်အောင်ရေးခဲ့ရင်း အနီးဆက်ဆုံးတူအောင်တော့ရလတ်တခုရခဲ့ပါတယ်
ခဲကောက်ပြီးသွားပုံ
မူရင်းဓါတ်ပုံ
ကာလာတင်ပြီးသောအချိန်
မူရင်းပုံနှင့်ရေးဆွဲပြီးပုံ
ပုံတူဘယ်လိုဆွဲလဲကျွန်တော်မသင်ခဲ့ဘူးပါ ဘဝမှာ(ပထမ)ဆုံးပုံတူဆွဲခြင်းဖြစ်ပါတယ်
နည်းစနှစ်ကိုကျွန်တော်မသိတော့တော်တော်ခက်ခက်ခဲခဲရှာဖွေခဲ့ရတယ် မှားလိုက် ပြန်ပြင်လိုက်နဲ့ တညလုံးကုန်အောင်ရေးခဲ့ရင်း အနီးဆက်ဆုံးတူအောင်တော့ရလတ်တခုရခဲ့ပါတယ်
တချိန်တုန်းက
![]() |
မတက်ခဲ့ပါဘူး ညောင်တုန်းမှာကာတွန်းဆရာဦးဘဂျန်းပွဲလုပ်တုန်းကကာတွန်းဆရာ
များနဲ့ရင်းနှီးခဲ့ပြီး ဆရာတွေရေးနေတုန်းမှတ်သားလေ့လာကာ ပြန်ရေးဖြစ်ခဲ့တာ ကာတွန်းရုပ်ပြောင်ရေးရတာလဲခက်ခဲတဲ့ပညာတမျိုးပါ ပုံလဲတူအောင်ရေးရတယ် ဟာသလဲဖြစ်အောင်ရေးရတယ် ချစ်စရာလေးလဲဖြစ်အောင်ရေးရပါတယ် မလွယ်ခဲ့ပါဘူး
ကျွန်တော်မြင်ဆရာများကိုကျေးဇူးတင်ပါတယ်
ပြောင်းလဲခြင်း
ဒီကားလေးကစိတ်ကူးယဉ်ပြီးဆွဲထားတာပါ ညဘက်မှာလင်းတက်တဲ့မှို ပုံတွေကို ကြည့်ပြီတော့ ရေးဖြစ်တာ ကြီးတဲ့အရာတွေကငယ်သွားပြီး ငယ်တဲ့အရာတွေက ကြီး ကုန်ကြရင်ကော ပြောင်းလဲခြင်းသဘောကိုစဉ်းစားမိတယ် ပြီးတော့မြန်မာမှုလဲပါအောင်ရေးချင်တယ် လက်ရှိဖြစ်နေတဲ့ဘဝတခုလဲပါရမယ် အဲဒါကြောင့် အပျိုတော်မိန်းခလေးတယောက်က ညဘက်အလင်းရောင်ကိုအားကိုးပြီး အစားအသောက်ရှာဖွေနေတာကိုထဲ့ရေးဖြစ်ခဲ့တာ လူတွေရဲ့ဘဝထဲကပြောင်းလဲခြင်းတခုပါ
Subscribe to:
Posts (Atom)